အသက်၁၇ နှစ် ရှိ အီရန်သူလေး နာဇာနင်းသည် သူမကို မုဒိန်းကျင့်သူကို ခုခံကာကွယ်ရာ မုဒိန်းကျင့်သူသေဆုံးသွားသောကြောင့် အီရန်တရားရုံးမှ လူသတ်မှုကျူးလွန်မှု့ဖြင့် ဇန်န၀ါရီလ ၃ ရက် ၂၀၀၆ ခုနှစ်တွင် သေဒဏ်စီရင်ချက် ချလိုက်ပါသည်။ ကနေဒါ လူသားစာနာထောက်ထားရေးအဖွဲ့မှ ဦးဆောင်ကြိုးပမ်းမှုကြောင့် ကမ္ဘာမှသိရှိသွားပြီး မတရားသော ထိုအမှုဆုံးဖြတ်ချက်ကို ဇန်န၀ါရီလ ၁၀ရက်နေ့ ၂၀၀၇ ခုနှစ်သို့ ရက်ရွေ့ဆိုင်းလိုက်ပါသည်။ အီရန်တရားရုံးမှ အယူခံဝင်မှုကို မည်သို့ ဆုံးဖြတ်မည်ကိုမူ စောင့်ကြည့်ရပေဦးမည်။ နာဇာနင်းတစ်ယောက် သေဒဏ်မှလွတ်မြောက်ပါစေ။ နာဇာနင်း၏ မှတ်တမ်းဗီဒီယိုကို ဤလင့်ခ် မှ တဆင့် ကြည့်ရှုနိုင်ပါသည်။
သတင်းအပြည့်စုံဖတ်ရန်
1 comments:
9:58 AM
ဒီလိုပါပဲဗျာ ... တစ်ခါတုန်းကလည်း ခိုးတဲ့ကလေးလေးတစ်ယောက်ကို လူအရှေ့မှာ လက်ကို ကားနဲ့နင်းကျိတ်တဲ့ ပြစ်ဒဏ်ပေးခဲ့တဲ့ ပုံလေးတွေကို ကြည့်ပြီးတော်တော် ဒေါသထွက်ခဲ့တယ်။ ကမ္ဘာပေါ်မှာ နေထိုင်ရန်မသင့်တဲ့ နိုင်ငံတွေထဲမှာ အီရန်လည်းပါပါတယ်။
Post a Comment