တစ်နေ့တာအချိန်များ

်ထုံးစံအတိုင်း ၀င်နေကြ ဖိုရမ်တွေဆီကို သွားပြီး ဟိုရှုပ်ဒီရှုပ်လုပ်ပြီးတော့ ဘော့စ်နဲ့ ပြောစရာ ဆိုစရာ ရှိလာလို့ စကားသွားပြောတယ်။
ကျွန်တော့်ရှေ့ရေးအတွက် ဆွေးနွေးပြီးတော့ နောက် အလုပ်မရခင်စပ်ကြား ဖရီးလန့်စ် ပရိုဂရမ်မာလုပ်ဖို့ အဖြေထွက်လာတယ်။ ကျွန်တော်နည်းနည်းတော့ လွတ်လပ်သွားတာပေါ့။
ပိုက်ဆံရဖို့ အချိန်ပိုင်းအလုပ်လုပ်ရတော့မယ်ဆိုပေမယ့် ပျော်ပါတယ်။ နို့မို့ ရင် သူ့ကို အားနာနေရလို့။
ပြန်လာတော့ သူငယ်ချင်းတစ်ယောက်ကတော့ ဂျီတော့ခ် ကနေ အယ်လ်အေ ကိုသွားပြီး ဦးတင်မိုးကို ဂါရ၀ သွားပြုမယ်လို့ပြောတယ်။ ကောင်းသားဘဲလို့ ။

အရင်က သိပ်သတိမထားမိတဲ့ ကဗျာတိုလေးကို ပြန်ဖတ်မိတယ်။ ဆရာတင်မိုးရဲ့ နာမည်ကြီးကဗျာ ဧည့်သည်ကြီးတဲ့။ ဆရာကြီးကွယ်လွန်သွားမှ ဘဲ ဖတ်မိတော့တယ်။
ဖတ်ပြီးတော့ ဆရာ့အတွက် စိတ်တောင်မကောင်းဘူး။ ဆရာကြီးနဲ့ ပတ်သတ်တဲ့ ဆရာကြီးနဲ့ ပတ်သတ်လို့ မနေ့ကတော့ ကြားကြားချင်း အနောက်ကနေ ခိုင်ခိုင်မာမာရပ်တည်ပေးမယ့် ပြည်ချစ်ပုဂ္ဂိုလ်ကြီးတစ်ယောက် ဆုံးရှုံးလေခြင်းဆိုပြီးတော့ အားငယ်မိတယ်။ ဒီနေ့တော့ ကိုယ်မဖတ်ဖူးတဲ့ ဆရာကြီးရဲ့ ကဗျာတွေ ဖိုရမ်မှာ ဖတ်ပြီး စိတ်ထဲမှာ ကောင်းလိုက်တာလို့တွေးမိတယ်။ ရိုးဂုဏ်အပြည့်နဲ့ ချစ်စရာတကယ်ကောင်းတာဘဲ။ တစ်ချို့ကဗျာတွေဆိုရင် ကျောင်းသုံးမြန်မာစာတွေမှာ ထည့်သွင်းသင့်တယ်။
ဖိုရမ်ထဲမှာတော့ မန်ဘာတစ်ယောက် က မန္တလေးဂေဇက်မှာ ဆရာကြီးနဲ့ ပတ်သတ်ပြီးတော့ ခံစားချက်တွေကို ရေးပေးဖို့ လင့်ခ်ပေးပြီး အဆိုပြုထားတယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်းအဲဒီလင့်ခ်ကနေတဆင့် သွားလိုက်တာပေါ့။ ဘာရေးရမှန်းမသိသေးပါဘူး။
နောက်တော့ ထုံးစံအတိုင်း အင်တာနက်ထဲကို ဒိုးယိုပေါက်ပြန်ဝင်ပြီးတော့ ဟိုယောင်ယောင်ဒီယောင်ယောင် လုပ်နေလိုက်တော့တယ်။

0 comments: