ဒီအာအမ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ

ဒစ်ဂျစ်တယ်လ်ခေတ်ကြီးဆိုတော့ DRM(Digital Rights Management) နဲ့ပတ်သတ်ပြီး သူတို့ ဆီမှာ အတော်ကလေး လူပြောသူပြောများနေတာကြာပါပြီ။ Freeculture.org ကနေ လုပ်တဲ့ Down With DRM ဆိုတဲ့ ခေါင်းစဉ်နဲ့လုပ်တဲ့ DRM ဆန့်ကျင်မှု ဗီဒီယိုပြိုင်ပွဲမှာ အနိုင်ရရှိသူတွေရဲ့ ဗီဒီယိုတွေကို သူတို့ဆိုဒ်မှာဘဲတင်ပေးထားပါတယ်။ မိတ်ဆွေလည်း Anti-DRM ကို စိတ်ဝင်စားရင်း အဲဒီမှာ သွားကြည့်နိုင်ပါပြီ။ BBC ရဲ့ဆောင်းပါးမှာတော့ ယူကေရဲ့ ခေတ်နောက်ကျနေတဲ့ ကော်ပီဥပဒေကို ဒစ်ဂျစ်တယ်ခေတ်နဲ့ညီအောင်.... ပြန်လည်ပြုပြင်ရေးဆွဲတော့မယ်တဲ့။ ဘာလိုလဲဆိုတော့ National Consumer Council ရဲ့ သုတေသန စစ်တမ်းအရ ဗြိတိန်နိုင်ငံသားတစ်ဝက်ကျော်က စီဒီတွေထဲကနေပြီးတော့ သူတို့ရဲ့အိုင်ပေါ့တ်၊ကွန်ပြုတာနဲ့ အခြားအမ်ပီသရီးပလေယာတွေထဲကို ကူးထည့်နေခြင်းအားဖြင့် လက်ရှိကော်ပီရိုက်ဥပဒေကို ချိုးဖောက်ရာကြနေလို့ပါတဲ့။ ဟုတ်ပါတယ်။ ကျွန်တော်လည်း ဒစ်ဂျစ်တယ်လ် ပစ္စည်းတွေကို မိမိကိုယ်ကျိုးစီးပွားအတွက်မဟုတ်ဘဲ ရိုးရိုးသားသား အများနဲ့ဖလှယ်သုံးမယ်ဆိုရင် မူပိုင်ဥပဒေနဲ့ ကင်းလွတ်ခွင့်ရှိသင့်တယ်လို့ ကိုယ်တိုင်လည်း စားသုံး သူပီပီ ယုံကြည်ပါတယ်။ မဟုတ်ရင်ဗျာ အလကားနေရင်း အာဒိန္နဒါနာကို နေ့တိုင်းချိုးဖောက်သလိုဖြစ်နေတော့မှာပေါ့။ ဟုတ်ဖူးလား။ဘွိုင်းဘွိုင်း ဘလောဂ်ကာ ကိုရီ ရဲ့ ဒီအာရမ်ဆန့်ကျင်ရေးနဲ့ ပတ်သတ်တဲ့ ပြောကြားချက်ကို PDF ဖိုင်အဖြစ်နဲ့ ဒီလင့်ခ် ကနေတဆင့်ရယူ ဖတ်ရှုနိုင်ပါတယ်။

Tags:

0 comments: