ချင်ပန်ဇီ၏မှတ်ညဏ်ထက်သာတယ်လို့ထင်ပါသလား


ချင်ပန်ဇီတကောင် က သင့်ထက်မှတ်ညဏ်ပိုင်းမှာသာတယ်လို့ဆိုရင် သင် အံ့သြသွားမှာလား။
ကျွန်တော်တို့ လက်ခံယုံကြည်ထားကျတဲ့ သိမှတ်ညဏ်ပိုင်းဆိုင်ရာမှာ လူသားကသာတယ်ဆိုတဲ့ အယူအဆမှားကြောင်း ကျိုတိုတက္ကသိုလ်မှ သိပံ္ပပညာရှင်တဦးဖြစ်သော တတ်စုရို မဆုစ်ဇာဝ က
အယူးမုလို့ခေါ်တဲ့ ငါးနှစ်အရွယ် ချင်ပန်ဇီ တကောင်နှင့် လက်တွေ့ သက်သေပြသွားပါတယ်။ တစက္ကန့်မျှအချိန်တိုတွင်းမှာ ဂဏန်းနံပါတ် ၁ မှ ၉အထိ နံပါတ်အမျိုးမျိုးက ကွန်ပြူတာစကရင်ပေါ်မှာ ပေါ်လာပြီးရင် စတုရန်းအတုံးလေးတွေံ အဖြစ်ပြောင်းသွားပါတယ်။ ခဏတာပေါ်လာချိန်အတွင်းမှာ ပေါ်လာတဲ့ဂဏန်းတွေကို ကြီးစဉ်ငယ်လိုက် စတုရန်းပုံတွေကို နှိပ်ရပါတယ်။ မှားနှိပ်မိရင် ရှုံးပါပြီ။ အဲ့ဒီစမ်းသပ်ပြိုင်ပွဲ့မှာ အာယုမုက သူ့ရဲ့ပြိုင်ဘက်များဖြစ်တဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားများကို အနိုင်ရသွားခဲ့ပါတယ်။ ၆လခန့်မျှ လေ့ကျင့်ခဲ့ကျသော ကျောင်းသားသုံးဦးကတော့ အခုထိ အာယုမုကို မနိုင်သေးဘူးလို့ဆိုပါတယ်။

Young Chimps Top Adult Humans in Numerical Memory [Press Release]

Video Clips

via ( Wired)

0 comments: