Unicef Photo of the Year 2007



ပထမဆု

အမေရိကန်ဓာတ်ပုံပညာရှင်Stephanie-Sinclair၏လက်ရာတစ်ခုဖြစ်သည်။အသက်၄၀အရွယ်သတို့သားMohammed-Faizနှင့်
အသက်၁၁နှစ်အရွယ်သတို့သမီးGhulamတို့၏အါဖဂန်နိုင်ငံမှမင်္ဂလာပွဲဖြစ်သည်။Ghulam၏ဆင်းရဲသောမိဘများမှာငွေလိုအပ်၍
ဤကဲ့သို့သမီးအားပေးလိုက်ရခြင်းဖြစ်သည်ဟုဖေါ်ပြထားသည်။သတို့သားကသူမအားဆက်လက်ကျောင်းထားပေးမည်ဟုကတိ
ပေးထားသော်လည်းအများစုမှာသံသယဝင်နေဆဲဖြစ်သည်။

Unicef၏မှတ်တမ်းများအရကမ္ဘာနှင့်အဝှမ်းတွင်အမျိုးသမီးသန်းပေါင်း၆၀မှာအရွယ်မရောက်ခင်အိမ်ထောင်ပြုခဲ့ရသူများဖြစ်ပြီထက်
ဝက်ကျော်မှာတောင်အာရှနိုင်ငံများမှဖြစ်သည်ဟုဆိုသည်။အိန္ဒိယနိုင်ငံရှိRajasthanပြည်နယ်တစ်ခုထဲတွင်ပင်ဇနီးများအားလုံး၏
၁၅ရာခိုင်နှုန်းမှာအသက်၁၀နှစ်အောက်နှင့်အိမ်ထောင်ပြုခဲ့ရသူများဖြစ်ကြသည်။အီဂျစ်တွင်ကောက်ယူရရှိထားသောမှတ်တမ်းများ
အရဆိုလျှင်ကလေးဇနီးများ၏သုံးပုံတစ်ပုံမှာခင်ပွန်း၏ရိုက်နှက်ခြင်းခံဖူးသူများဖြစ်သည်ဟုဝန်ခံပြောကြားကြသည်။ထို့အပြင်Unicef
မှပြောကြားရာတွင်ခလေးဇနီးများသည်ကလေးမွေးဖွါးနိုင်ကြောင်းသက်သေပြနိုင်ရန်တွန်းအားပေးခံရသူများဖြစ်လေ့ရှိသည်ဟုဆို
သည်။သို့သော်အသက်၁၀နှစ်မှ၁၄နှစ်အရွယ်မိန်းကလေးများကလေးမွေးဖွါးသောအခါသက်ဆုံးရှုံးနိုင်ခြေနှုန်းမှာအရွယ်ရောက်ပြီး
အမျိုးသမီးများထက်၅ဆထိမြင့်မားသည်။

အခြားသောဆုရပုံများနှင့်နောက်ခံအကြောင်းအရာများအားဤနေရာတွင်ကြည့်ပါ။

0 comments: