ကြယ်ငါးပွင့်ထူးရှယ် အကျဥ်းထောင်များ

www.boesein.com

သူမ၏အမည်မှာNicole-Brockettဟုခေါ်သည်။အသက်၂၂အရွယ်ဖြစ်ပြီးလောစ်အယ်ဂျလိစ်မြို့ထဲတွင်Bartenderအလုပ်လုပ်ကိုင်
သူဖြစ်သည်။သူမအခန်းထဲရှိအိပ်ယာပေါ်တွင်အေးအေးလူလူထိုင်၍စာဖတ်နေပါသည်။သို့သော်သူမ၏အိမ်တွင်မဟုတ်သလိုမိန်းခ
လေးကျောင်းအဆောင်တွင်လဲမဟုတ်ပါ။လောစ်အယ်ဂျလိစ်ခရိုင်ဆန်တာအန်နာရှိအကျဉ်းထောင်တွင်ဖြစ်သည်။အကြောင်းမှာ
အရက်မူးပြီးကားမောင်းသဖြင့်ထောင်ဒဏ်၂၁ရက်ကျခံနေရခြင်းဖြစ်သည်။ဒါဆိုကယ်လီဖိုးနီးယားထောင်စနစ်ကကောင်းလှချေ
လားကွဟုပြောစရာရှိလာသည်။လုံးဝမဟုတ်ပါ။ဤအကျဉ်းထောင်သည်သာမန်ခရိုင်ပိုင်အကျဉ်းထောင်မဟုတ်၊တနေ့လျှင်၈၂
ဒေါ်လာပေးရသောကြယ်ငါးပွင့်ထူးရှယ်အကျဉ်းထောင်ဖြစ်သည်။

တကယ်တမ်းတွင်ကယ်လီဖိုးနီးယား၌ဤကဲ့သို့ငွေပေး၍သက်တောင့်သက်သာအကျဉ်းကျခံနိုင်သောထောင်စနစ်ရှိသည်မှာ၁၀စု
နှစ်တခုကျော်လာပြီ။သို့သော်များမကြာမီကဖြစ်ပွါးသောခရိုင်ဒုရဲအုပ်George-Jaramillo၏အမှုကြမှသာလူသိများလာခြင်းဖြစ်
သည်။ထိုဒုရဲအုပ်မှာအများပိုင်ရံပုံငွေများအားအလွဲသုံးစားပြုရုံသာမကရဲတပ်ဖွဲ့ပိုင်ရဟတ်ယာဉ်အားကိုယ်ရေးကိုယ်တာအတွက်
အသုံးပြုမှုတို့ကြောင့်တရားစွဲဆိုခြင်းခံရသည်။တရားရုံးမှအထက်ပါငွေပေး၍နေနိုင်သော(Pay-to-stay)စနစ်အသုံးပြုနိုင်ကြောင်း
နှင့်ထိုအကျဉ်းထောင်မှလက်ကိုင်ဖုံးနှင့်Laptopအသုံးပြုခွင့်ပါပေးကြောင်းထွက်ပေါ်လာသောအခါမီဒီယာများပေါ်တွင်ကျွတ်ကျွတ်
ညံကုန်တော့သည်။

ခရိုင်ပိုင်အကျဉ်းထောင်များကဲ့သို့ညစ်ပတ်နံစော်ခြင်းများမရှိ၊ကူးစက်ရောဂါများကူးစက်ရန်လွန်စွာအခွင့်ရေးနည်းပါးသလိုမိမိ
အိမ်မှထမင်းသုံးနပ်ပို့ပေးနိုင်သည်။အခြားသောလူမိုက်များ၊နှစ်ကြီးသမားများ၊မုဒိန်းသမားများ၊ဒုစရိုက်ဂိုဏ်းသားများနှင့်မတွေ
ရခြင်းသည့်အကြီးမာဆုံးသောအခွင့်အရေးဖြစ်၏။သို့သော်Pay-to-stayစနစ်တွင်အကျဉ်းကျခံနိုင်ခွင့်မှာသေးငယ်သောမှုခင်း
လေးများသာကျူးလွန်သူဖြစ်ရမည်။အကြမ်းဖက်ခြင်း၊ရန်ဖြစ်ခြင်းအစရှိသည့်အမှုများပါဝင်ခွင့်မရ။ထို့အပြင်တရားရုံးမှခွင့်ပြု
ချက်ပေးသည့်တိုင်နေထိုင်ခွင့်မှာမသေချာ။ဟောလီးဝုဒ်မှနာမည်ကျော်များသွားလေ့ရှိသည့်ညကလပ်များကဲ့သို့ပင်ဖြစ်သည်။
ငွေပေးတိုင်ဝင်မရအဆက်သွယ်အချိတ်အဆက်ရှိမှသာဝင်ခွင့်ရသလို၊ဤထူးရှယ်ထောင်၌လည်းအဆက်အသွယ်ကောင်း
ကောင်းရှိမှကြိုတင်ဘွတ်ကင်လုပ်၍ရသည်။အဓိကအကြောင်းရင်းမှာထောင်အာဏာပိုင်များမှမည်သူမဆိုငြင်းပယ်နိုင်သည့်အ
ခွင့်အရေးအပြည့်ရှိသောကြောင့်ပင်။

တနေ့တခြားများပြားလာနေသောရာဇဝတ်သားများကြောင့်ကယ်လီဖိုးနီးယားပြည်နယ်၏သာမန်အကျဉ်းထောင်စနစ်သည်အ
ခြေအနေဆိုးဝါးလျှက်ရှိပြီး၊ကူးစက်ရောဂါနှင့်ထောင်တွင်းအကြမ်းဖက်မှုများကတားမရဆီးမရအခြေနေဆိုက်ရောက်နေသည်။
ထို့ကြောင့်ငွေကြေးတတ်နိုင်သူများအလွဲမရှောင်သာထောင်ကျကြသောအခါထူးရှယ်ထောင်စနစ်မှာစီးပွါးရေးပိုဆန်လာရသည်။
Pasedenaရဲဋ္ဌာနမှပြောရေးဆိုခွင့်ရှိသူJanet-Givensက"လူကောင်းတွေဆီမကောင်းတာတွေဖြစ်တုန်းစီးပွါးဝင်ရှာတာပေါ့"ဟု
ဆိုသည်။သူကမဆက်လက်ပြီးပြောသည်မှာ"အဓိကကတော့မိဘဆွေမျိုးတွေက၊သာမာန်ထောင်တွေကိုမသွားစေချင်ကြဘူး၊စိုး
ရိမ်ကြတယ်'။

ထူးရှယ်ထောင်များ၏တစ်ညတာဈေးနှုန်းမှာအကြမ်းဖျင်းအားဖြင်၇၅ဒေါ်လာမှ၁၂၇ဒေါ်လာခန့်ထိရှိသည်။တစ်ညတာမှလေးနှစ်
စာအထိစာရင်းပေးထားသူများပင်ရှိသည်ဟုဆိုသည်။များသောအားဖြင့်ထူးရှယ်ကျခံခွင့်ရသူများမှာနေ့ပိုင်းတွင်ယခင်အတိုင်းအ
လုပ်သို့သွားပြီးအလုပ်ဆင်းချိန်တွင်ထောင်သို့ပြန်ကြလေသည်။သို့သော်ထိုအခွင့်အရေးမှာကျူးလွန်သည့်ပြစ်မှုအတိမ်အနက်ပေါ်
တွင်မူတည်၍တရားရုံးမှဆုံးဖြစ်ချက်ချခြင်းဖြစ်၏။ထောင်အပြန်တွင်တော့နံရံကပ်၍သေချာစစ်ဆေးရှာဖွေခြင်းတော့ခံရမည်ဖြစ်
သည်။အဓိကအကြောင်းရင်းမှာအခြားသောအကျဉ်းသားများအတွက်စီးကရက်များ၊တားမြစ်ပစ္စည်းများမကြာခဏခိုးဝှက်သယ်
ဆောင်လာကြခြင်းကြောင့်ဟုသိရသည်။

သို့သော်အခြားတစ်ဖက်တွင်မူအထက်ပါထူးရှယ်ကြယ်ငါးပွင့်ထောင်များအားတရားမျှတမှုကင်းမဲ့စေသည်ဟုဆိုကြသည်။အမျိုး
သားရဲသင်တန်းကျောင်းမှနည်းပြကြီးကြပ်ရေးမှုးတစ်ဦးဖြစ်သူMike-Jacksonက"ဥပမာဗျာ..လူနှစ်ယောက်တူညီတဲ့ပြစ်မှုတစ်
မျိုးကိုကျူးလွန်ခဲ့တယ်ဆိုပါစို့။တစ်ယောက်တော့ပိုက်ဆံတတ်နိုင်လို့အေးအေးဆေးဆေးPay-to-Stayကိုသွားပြီးနောက်တစ်
ယောက်ကတော့မတတ်နိုင်လို့ဆင်းဆင်းရဲရဲသွားနေရတယ်ဆိုတာ...တကယ်တော့မဖြစ်သင့်ဘူး"ဟုထောက်ပြသည်။ထောင်
ကျခြင်းဆိုသည်မှာမိမိကျူးလွန်ခဲ့သည့်အပြစ်အတွက်ပတ်ဝန်းကျင်အသိုင်းအဝိုင်းအားပြန်လည်ပေးဆပ်ရသည့်အယူအဆအ
ပေါ်တွင်မူတည်ထားရာဤစနစ်အားပြန်လည်သုံးသပ်သင့်သည်ဟုရှုမြင်ကြသည်။အကောင်းမြင်သူများဘက်ကမူပြည့်သူ့အခွန်
ငွေဖြင့်လည်ပတ်သည့်ခရိုင်ထောင်စနစ်များမှ၊လူနည်းစုမိမိစရိတ်ဖြင့်မိမိထောင်ကျခံကြခြင်းမှာလည်းတိုင်ပြည်အားတစ်ဖက်
တစ်လမ်းငွေကုန်ကြေးကျသက်သာစေသည်ဟုဆိုကြပြန်သည်

Source:Newyork Times

0 comments: