အမေရိကန်ရဲတို့အစ္စရေးလုပ်Corner-shot သေနတ်များသုံးမည်


အိုဟိုင်းရိုးပြည်နယ်၊Akronရဲတပ်ဖွဲ့သည်မကြားသေးမီကအစ္စရေးနိုင်ငံလုပ်Corner-shotခေါ်ထောင့်ချိုးများတွင်လူကိုယ်တိုင်ထွက်
ပစ်စရာမလို၊အန္တရယ်ကင်းစွာပစ်မှတ်များကိုပစ်ခတ်နိုင်သည့်သေနတ်များကိုဝယ်ယူလိုက်သည်ဟုသတင်းများကဆိုသည်။ဈေး
ကွက်ရှာဖွေရန်အမေရိကန်သို့ရောက်ရှိလာသည့်ထိုအစ္စရေးသေနတ်ကုမ္ပဏီသည်Akronမြို့တော်ဝန်Don-Plusquellicနှင့်တွေ့
ဆုံအပြီး၊အစမ်းသဘောဖြင့်Akronရဲတပ်ဖွဲ့အားအသုံးပြုကြည့်စေရာမှနောက်ဆုံးဝယ်ယူသည့်အဆင့်ထိရောက်ရှိသွားကြသည်။

Corner-shotသေနတ်များသည်ဘေးတိုက်၉၀ဒီဂရီထိချိုးပြီးပစ်ခတ်နိုင်သည်။သေနတ်တွင်ဒစ်ဂျစ်တယ်ကမ်ကော်ဒါများကဲ့သို့အ
သေးစားမော်နီတာပါဝင်သောကြောင့်ကွယ်ရာမှပစ်မှတ်များအားလည်းလွယ်ကူစွာရှာဖွေနိုင်သည်။စမ်းသပ်သူများ၏အဆိုအရ
ထိုမော်နီတာမှာသာမန်မျက်စိထက်ပင်ပိုမိုမြင်နိုင်ပြီးသေနတ်ပစ်ဗီဒီယိုဂိမ်းများတွင်အသုံပြုသည့်အပေါင်းလက္ခဏာသဋ္ဌန်ပစ်မှတ်
ပါပါဝင်သေးသည်။Corner-shotသေနတ်တစ်လက်၏လက်ရှိဈေးနှုန်းမှာဒေါ်လာ၅၀၀၀ဖြစ်ပြီး၊လေဆာချိန်မှတ်၊မီးလုံးအစရှိသည့်
အပိုပစ္စည်းများထပ်မံတပ်ဆင်မှုပေါ်တွင်မူတည်ပြီးဒေါ်လာ၁သောင်းဝန်းကျင်ထိရှိနိုင်သည်ဟုသိရသည်။မကြာမီအချိန်အတွင်းသေ
နတ်ကုမ္ပဏီမှအိုဟိုင်းရိုးပြည်နယ်အရှေ့မြောက်ပိုင်းတွင်စင်တာတစ်ခုဖွင့်လှစ်၍တစ်နိုင်ငံလုံးရှိရဲတပ်ဖွဲ့များအားဖြန့်ဖြူးရောင်းချ
သွားမည်ဆိုသည်။

0 comments: