ချွေးစိမ်းရှင်ရှင်ထွက်ခြင်း ဆရာဝန်များမျက်စိလည်

Image Hosted by ImageShack.us

တရုတ်နိုင်ငံဝူဟန်မြို့မှအသက်၅၂နှစ်အရွယ်Cheng-Shunguoသည်နိုဝင်ဘာလလယ်ခန့်မှအစပြု၍အစိမ်းရောင်ချွေးများထွက်
လာသည်ဟုဆိုသည်။အတွင်းခံအဝတ်အစားများ၊အိပ်ယာခင်းများသာမကရေချိုးလျှင်ပင်ရေများအစိမ်းရောင်ဖြစ်သွားသည်
ဟုတရုတ်သတင်းဋ္ဌာနများအားပြောကြားခဲ့သည်။သို့သော်အနည်းငယ်မျှပင်နေမထိထိုင်မသာမဖြစ်ဟုလည်းဆိုပြန်သည်။ဆေးရုံ
တွင်ဆရာဝန်များမှသွေးစစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်းမည်သည်မျှထူးထူးခြားခြားရှာမတွေ့။ဆရာဝန်များမှချန်၏ချိုင်းနှစ်
ဖက်အားသေသေခြာခြာဆေးကြောပေးရာဂွမ်းများအားလုံးအစိမ်းရောင်ဖြစ်၁၀မိနစ်အတွင်းပြောင်းသွားခဲ့သည်။

ဆေးရုံမှပြောရေးဆိုခွင့်ရှိသူအကြီးအကဲမှ"ကျနော်တို့အခုချိန်ထိုတော့ဘာမှရှာလို့မတွေ့နိုင်သေးပါဘူး"ဟုဝန်ခံပြောကြားသွားသည်။
သို့သော်မကြာမီအချိန်တွင်းဖေါ်ထုတ်နိုင်မည်ဟုလည်းမျှော်လင့်ကြောင်းဆိုသည်။

Source:Ananova

0 comments: