Cambodiaတွင်ကျောင်းသစ်ဆောက်ရန် အလှုငွေဒေါ်လာ52000ရှာပေးသည့် အမေရိကန်ဆယ်ကျော်သက်


ဒီဇင်ဘာ၂၆ရက်၊ကမ္ဘာကျော်အန်းကောဝတ်ကျောင်းတော်ကြီးတည်ရှိရာSiem-Riepခရိုင်ရှိဆင်းရဲလှသောSrah-Khvavကျေးရွာ
လေးတွင်ဖြစ်သည်။ရာပေါင်းများစွာသောရွာသားများ၊ကျောင်းဝတ်စုံတူညီနှင့်ကျောင်းသူကျောင်းသားလေးများအားလုံးကြိုဆိုနှုတ်
ဆက်ခြင်း၊ကျေးဇူးတင်ခြင်းသင်္ကေတအဖြစ်လက်အုပ်များချီထားကြသည်။ဤနေ့သည်ရွာ၏R.S.Rosenfeldအမည်ရှိစာသင်ကျောင်း
သစ်ဖွင့်ပွဲအားအလှုငွေဒေါ်လာငါးသောင်းနှစ်ထောင်ထိရှာဖွေပေးနိုင်ခဲ့သူအမေရိကန်နိုင်ငံနယူးယောက်မှ၁၇နှစ်အရွယ်Rachel
Rosenfeldကိုယ်တိုင်မိသားစုနှင့်လာရောက်ဖွင့်လှစ်ပေးသည့်နေ့ဖြစ်သည်။

တကယ်တော့Rachelသည်ကမ္ဘောဒီယားနိုင်ငံသို့တစ်ကြိမ်တစ်ခါမျှယခင်ကမရောက်ဖူးခဲ့သော်လည်းထိုဒေသ၏ဆင်းရဲမွဲတေမှုများ
အားသတင်းစာမှတဆင့်ဖတ်ရှုသိရှိမိရာမှများစွာစိတ်ဝင်စားသွားခဲ့သည်။ကမ္ဘောဒီယားကလေးငယ်အများစုသည်မူလတန်းပညာ
ရေးကိုပင်သင်ကြားခွင့်မရနိုင်ပဲ၊အချို့မိန်းကလေးငယ်များမှာပြည့်တန်ဆာအဖြစ်ရောင်းစားခံရခြင်းရှိနေပုံများကြောင့်လွန်စွာ
စိတ်ထိခိုက်ခဲ့ရကြောင်းသူမကပြောပြသည်။သူမကိုယ်တိုင်သည်လည်းအစာအိမ်ဝေဒနာအားကုသရန်တစ်နှစ်ကျောင်းမှအနားယူ
ထားရသည်ဖြစ်ရာအလှုငွေများလိုက်လံကောက်ခံရန်အခွင့်အရေးများစွာရရှိခဲ့သည်။

သူမသည်အလှုငွေကောက်ခံသည့်စာပေါင်းများစွာအားအိမ်များသို့ပို့ရုံသာမကသာမက၊တီရှပ်များရောင်းချခြင်းအစရှိသည်တို့ကိုပါပြု
လုပ်ရင်းအလှုငွေရှာခဲ့သည်။ထို့အပြင်ကမ္ဘာ့ဘဏ်နှင့်အာရှဖွံဖြိုးရေးဘဏ်တို့မှလည်းဒေါ်လာ၁သောင်း၃ထောင်နှင့်ဒေါ်လာ၁သောင်းစီ
မတည်ပေးခဲ့ကြသည်။ဤသို့ဖြင့်ရရှိလာသောအလှုငွေ၅သောင်းနှစ်ထောင်သည်ဆင်းရဲသောကမ္ဘောဒီးယားကျေးရွာလေးတစ်ခုတွင်
ကွန်ပျူတာငါးလုံးနှင့်အင်တာနက်ပါအသုံးပြုနိုင်သောမူလတန်းကျောင်းလေးတစ်ခုအဖြစ်ရုပ်လုံးပေါ်လာခဲ့သည်။

Siem-Reapခရိုင်၏ပညာရေးမှုးUng-Serei-Dyကသူမလှုဒါန်းခဲ့သောကျောင်းမှာထိုကျေးရွာအတွက်များစွာအရေးပါခဲ့ပြီးရွာ၏ဒိုတိ
ယမြောက်ကျောင်းဖြစ်ကြောင်းပြောသည်။သူမကတစ်ရွာလုံးပျော်နေပုံကိုမြင်ရခြင်းမှာသူမအတွက်တော့များစွာအရေးပါသည်ဟု
ဆိုသည်။ဆက်လက်ပြီးသူမက"ရည်မှန်းချက်သာမြင့်မြင့်ထားပါ၊ကိုယ်ဘယ်လောက်ထိအောင်မြင်နိုင်လဲဆိုတာနောက်မှအံသြနေ
ရလိမ့်မယ်"ဟုပြောပြသည်။

Source:MSNBC

0 comments: