Benazir Buhutto(1953-2007)၏ဓာတ်ပုံ ပေါ်မှဘဝအပိုင်းအစအချို့

ဖအေ့ခြေရာနင်းမည့်သူ


ဆင်းမလား၊၁၉၇၂

ဖခင်ဖြစ်သူပါကစ္စတန်ဝန်ကြီးချုပ်Zulfikar-Ali-Bhuttoနှင့်အိန္ဒိယဝန်ကြီးချုပ်Indira-Gandhiတို့ဆင်းမလား၌၂နိုင်ငံအရေး
ဆေးနွေးစဉ်၊အတူလိုက်ပါလာသူBenazir။ငယ်ရွယ်စဉ်ကပင်ဖခင်၏မပြီးပြတ်သေးသောတာဝန်များဆက်လက်ထမ်းရွက်
မည်ဟုကတိပေးခဲ့ဖူးသည်။
အစ္စလမ်ကမ္ဘာမှ၂၀ရာစုအမျိုးသမီး


၁၉၇၇

၁၉၇၇အောက်စဖို့မှဘွဲ့ရအပြီးများမကြာမီတွင်ရိုက်ကူးထားသောပုံ။၁၆နှစ်အရွယ်တွင်ပင်ဟားဗတ်တက္ကသိုလ်Radcliffe
Collegeသို့ရောက်ရှိခဲ့ပြီးအောက်စဖို့မှဒသနိကဗေဒ၊နိုင်ငံရေးသိပ္ပံနှင့်ဘောဂဗေဒတို့ဖြင့်BAဘွဲ့ရရှိခဲ့သည်။မိခင်နိုင်ငံတွင်
လိုလေသေးမရှိဖြတ်သန်းခဲ့ရသော်လည်းတစ်ကိုယ်တည်းဟားဗတ်ကျောင်းသူဘဝသည်သူမအားများစွာရင့်ကျက်ကြီးပြင်း
စေခဲ့သည်ဟုအင်တာဗျူးတစ်ခုတွင်ပြောခဲ့ဖူးသည်။

ထို့အပြင်အောက်စဖို့ယူနီယံခေါ်ထိတ်တန်းစကားရည်လုအဖွဲ့ကြီး၏ပထဆုံးသောအာရှအမျိုးသမီးဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံ
ခဲ့ဖူးသည်။၁၉၇၉နိုင်ငံရေးလောကသို့မဝင်မှီထိDiplomatဘဝအားဖြတ်သန်းခဲ့သည်။


နိုင်ငံရေးဘဝအတွက်လက်ထပ်ခဲ့သူ


လက်ထပ်ပွဲ၊၁၉၈၇

ချမ်းသာကြွယ်ဝသောစီးပွါးရေးလုပ်ငန်းရှင်Asif-Ali-Zardariနှင့်လက်ထပ်ခဲ့သည်။လူအများစုကမလိုက်ဖက်ဟုဝေဖန်
ကြပြီးသူမအားခေတ်ပညာတတ်၊အမှီအခိုကင်းမဲ့သည့်အမျိုးသမီးအဖြစ်ရှုမြင်ထားကြသည်။သူမကမူဆလင်နိုင်ငံ၏
မူဆလင်နိုင်ငံရေးပါတီအားဦးဆောင်ရမည့်သူမအတွက်ရိုးရာအတိုင်းမိဘအစီစဉ်အားခေါင်းညှိမ့်ခဲ့ခြင်းမှာအနာဂတ်
နိုင်ငံရေးဘဝအတွက်ပေးဆပ်ခဲ့ရသောတန်ဖိုးဖြစ်သည်ဟုဆိုခဲ့သည်။


အမျိုးသမီးဝန်ကြီးချုပ်


ရွေးကောက်ပွဲ၊၁၉၈၈

ရွေးကောက်ပွဲအပြီးသူမ၏ပုံတူပန်ချီကားချပ်တွင်အမှတ်တရလက်မှတ်ထိုးပေးနေစဉ်။၁၉၈၈ဒီဇင်ဘာ၁ရက်နေ၌ပါ
ကစ္စတန်၏ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးသမိုင်းစာမျက်နှာသစ်ဖွင့်လှစ်နိုင်ခဲ့သည်။


တစ်ကျော့ပြန်ဝန်ကြီးချုပ်


ရွေးကောက်ပွဲအပြီး၊၁၉၉၃

၁၉၉၃၊အောက်တိုဘာ၇ရက်နေ့၌ရွေးကောက်ပွဲတွင်ပြန်လည်အနိုင်ရရှိခဲ့ပြီးဒုတိယအကြိမ်မြောက်ဝန်ကြီးချုပ်အဖြစ်
ဖခင်ကြီး၏ပုံတူရှေ့တွင်အောင်ပွဲခံနေစဉ်။သူမ၏ဖခင်ဖြစ်သူသည်ဗိုလ်ချုပ်Zia-ul-Haqဦးဆောင်သည့်စစ်တပ်အာ
ဏာသိမ်းပွဲအပြီးတွင်ဖမ်းဆီးခံရပြီး၁၉၇၉၌ကြိုးပေးကွပ်မျက်ခြင်းခံရသည်။ဖခင်ကြီး၏ပုံရိပ်သည်သူမ၏နိုင်ငံရေးဘ
ဝတွင်များစွာအထောက်အကူပေးနိုင်ခဲ့သည်။


ပြည်တော်ပြန်


Karachiလေဆိပ်၊၂၀၀၇

ရွေးကောက်ပွဲအတွက်ပါကစ္စတန်သို့အပြန်လေဆိပ်တွင်သောင်းသောင်းဖြဖြကြိုဆိုနေကြသောလူအုပ်ကြီးနှင့်လေ
ယာဉ်ပေါ်မှအဆင်းစိတ်လှုပ်ရှားနေစဉ်။များမကြာမီဗုံးခွဲလုပ်ကြံရန်ကြိုးစားခြင်းခံရသည်။


နောက်ဆုံးခရီး


GARHI-KHUDA-BAKHSH၊ဒီဇင်ဘာ၂၈၊၂၀၀၇

သူမအားနောက်ဆုံးဂါရဝပြုရန်၊ထောင်ပေါင်းများစွာသောပြည်သူများမော်တော်ကား၊လယ်ထွန်စက်၊ခြေကျင်ခရီးတို့ဖြင့်
GARHI-KHUDA-BAKHSHသို့ရောက်ရှိလာကြသည်။

ဓာတ်ပုံ(Ap/Afp/Aol/Abc news)

0 comments: